ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် သိုင်းစီးရီးတစ်ခုလိုပဲ။ ဘာ့မတတ်တဲ့မျောက်တစ်ကောင်က မသေမျိုးဖြစ်အောင်ကျင့်ကြံတဲ့ဇာတ်လမ်းပေါ့။ တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းဆရာကြီးဖြစ်သွားမယ့် ပုံစံမျိုးရိုက်ထားတာပါ။
အပိုင်းတစ်က မကြည့်တာကောင်းပါတယ်။ ဘာကိုပြချင်လို့ ပြချင်မှန်းမသိ မျက်စိနောက်တာပဲ အဖတ်တင်ပါတယ်။ အပိုင်းနှစ်နဲ့ အပိုင်းသုံးက စီးရီးတစ်ခုလုံးမှာ အကောင်းဆုံးပါပဲ။ ဝူခုန်းနဲ့ ရွှေစာကလေးတို့ရဲ့ love story ကို ရိုက်ပြထားတာဖြစ်ပြီး မျက်ရည်ဝဲရတဲ့အထိကောင်းပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ သုံးစားမရပါဘူး။
ဇာတ်လမ်းကကောင်းမလိုလိုနဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာက ဖျက်ဆီးသွားခဲ့ပါတယ်။ စကြည့်ကထဲက VFX တွေစုတ်မှန်းသိပေမယ့် ဝူခုန်းဖန်ဖြစ်တာရယ် ဇာတ်လမိးအသစ်ရယ်ကြောင့် ဆက်ကြည့်ဖြစ်ပါတယ်။ VFX တင်ပဲလားဆိုတော့ မိတ်ကပ်အပိုင်းမှာလည်း အဆင်မပြေပါဘူး။ မျောက်တွေက မျောက်ရုပ်တောင်မထွက်ပါဘူး။ ဝူခုန်းတစ်ကောင်ပဲ ပီပြင်ပြီး ကျန်တဲ့အကောင်တွေက ဝတ်စုံဝတ်ထားမှန်း သိသာနေပါတယ်။ ဘတ်ဂျက်ဝူခုန်းတွေတောင် ဒီစီးရီးထက်အများကြီးသာပါတယ်။
အက်ရှင်ခန်းတွေကလည်း စောင်တလွဲချည်းပါပဲ။ ဝူခုန်းခမျာ တုတ်တောင်ငါးပတ်ပြည့်အောင် မလှည့်ရပါဘူး။ ချတာတွေကလည်း အားမပါ မာန်မပါနဲ့။ စိတ်အတိုရဆုံးက နတ်စစ်သည်တစ်သိန်းကျသွားတယ်လို့ တစ်သောင်းဆုံးသွားတယ်လို့သာပြောတာ လှေပေါ်ပဲကြည့်ကြည့် တိုက်ပွဲအခန်းပဲကြည့်ကြည့် အယောက်သုံးဆယ်မကျော်ဘူး။
Season 2 ကတော့ ထွက်လာဖို့မရှိတာ 99% သေချာပါတယ်။ ဇာတ်သိမ်းမှာ တန်းလန်းကြီးဖြစ်နေတာက အကြောင်းနှစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတစ်ခုက တရုတ်ရဲ့ဆင်ဆာကြောင့် အဖျက်ခံလိုက်ရတာမျိုးပါ။ စကြေညာတုန်းက အပိုင်း ၅၀ကျော်ဖြစ်ပြီး ထွက်လာတော့ 43ပိုင်းထဲ ဖြစ်နေလို့ပါပဲ။ တစ်ခုကတော့ သူတို့စရိုက်တုန်းက အတွဲနှစ်ထွက်ဖို့ စီစဉ်ထားခဲ့ပုံပါ။ ဒါပေမယ့် သတ်မှတ်ထားတာထက် 3နှစ်လောက်နောက်ကျပြီး ထွက်လာရတော့ အဆင်မပြေတော့တာ ဖြစ်ဖို့များပါတယ်။ ရေပန်းစားမှုမှာလည်း နည်းတာကြောင့်ပါ။
ဒီစီးရီးကို ကြည့်သင့်လားမေးလာခဲ့ရင်တော့ ဝိုင်ဖိုင်သမားဆိုကြည့်ပါ။ ဘေလ်သမားဆို ဝေးဝေးရှောင်ပါလို့ ပြောချင်ပါတယ်။
Once Upon In China